သွားရောက်နိုင်သောနေရာများ

16/03/2012

♣♣♣အရိပ်မည်း(သို့) ပြည်ပရောက် မြန်မာလုပ်သားဘ၀♣♣♣

  • ငွေလမ်းဖောက်ဖို့ ပြည်ပရောက်ခဲ့...
  • ဓနလူသား ငါ့အားလွမ်းမိုး
  • လုပ်အားကိုခြွေ နေရာချ၍
  • ထွေထွေလုပ်သား မောင်နင်းပြားပမာ
  • ထားသလိုနေ စေရာကိုသွား
  • ခေါင်းမကုတ်နဲ့ လုပ်ကွမြန်မြန်
  • ရွာပြန်ချင်လား ခြောက်စကားနဲ့
  • ရင်တွင်းနာကျင် ပြန်ဆင်ခြင်ကြည့်
  • ကျွံမိခြေထောက် ရောက်သည့်ဘဝ
  • နောက်ကျချိန်လွန် ကျွန်ဘ၀ရောက်
  • လျှောက်ရလိမ့်နိုး အချိန်ဆိုးသည်
  • အရိပ်မိုးလျှက် နေလေပြီ..........

မှတ်ချက်။         ။ပြည်ပရောက် ရွှေမြန်မာ အလုပ်သမားတို့ရဲ့ ဘ၀လေးကို ရေးဖွဲ့တင်ပြခြင်းဖြစ်သည်...။
                         ကဗျာအသွင် မမူခဲ့လျှင်လည်း နားလည် ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ပါတယ်....

ခင်မင်လေးစားလျှက်
ဇေယျာ(ZLT)


           

No comments:

Post a Comment