ချစ်သူ့နယ်မြေ(ZLT)သို့ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ ဘလော့ဂ်လေးအတွင်းလိုအပ်တာရှိရင်လည်း အကြံပေးသွားနိုင်ပါတယ်ခင်ဗျာ.. မိတ်ဆွေတို့အား အစဉ်လေးစားလျှက်......ဇေယျာ(ZLT)
29/02/2012
***လက်ဆောင် အလန်းလေး***
         မင်္ဂလာပါ သူငယ်ချင်းတို့ရေ..............ဒီနေ့တော့ သူငယ်ချင်းတို့ ကွန်ပျူတာ ဒါမှမဟုတ် ဖုန်းမှာ
Wallpaper and Desktop Backgrounds အဖြစ် သုံးလို့ကောင်းမယ် ပုံလေးတွေ ရှာတွေ့တာနဲ့တင်
ပေးလိုက်တယ်နော်.....နောက်ထပ် ပုံ အလန်းလေးတွေ အများကြီးရှိပါသေးတယ်..ခုလောလောဆယ်
အောက်မှာ ဥပမာ ပုံလေးတွေ တင်ပေးလိုက်မယ်နော်..............  
      နောက်ထပ် ပုံလေးတွေ စိတ်ကြိုက် ယူချင်သေးတယ်ဆိုရင်တော့
                           ဒီမှာ
သွားယူလိုက်နော်..........အဆင်ပြေမယ် လို့မျှော်လင့်ပါတယ်......
                                                                                                           ခင်မင်လေးစားလျှက်....
                                                                                                                                ဇေယျာ(ZLT)  
21/02/2012
ဖိလစ်ပိုင်တွေကျင်းပတဲ့ Good Friday နေ့ နဲ့ အီစတာပွဲတော်
crucifixion
အသက် ၄၉ နှစ်ရှိ ဆိုင်းဘုတ်ပန်းချီဆရာ ကလည်း အဆောက်အဦးတစ်ခုပေါ်ကပြုတ်ကျခဲ့ စဉ်
အသက်မသေခဲ့ လို့ ယုံကြည်တဲ့အတွက် အခုလိုကားစင်တင်ခံ လက်ဝါးကပ်တိုင်မှာ
သံမှိုအနှက်ခံခဲ့ တာ ၂၄ ကြိမ်တိုင်ခဲ့ ပါပြီ...
Painfully devoted: Ruben Enaje, a 49-year-old sign painter, was nailed to a cross for the 24th time as his way of thanking God for his survival after falling from a building. The bizarre practice is an annual Filipino ritual to mark Good Friday
လွန်ခဲ့ တဲ့ သီတင်းပါတ်များက ကျင်းပပြီးစီးသွားခဲ့ တဲ့ Good Friday နေ့ ပွဲတော်မှာကက်သလစ်ဘာသာ
ဝင်အများစုနေထိုင်တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ကျေးရွာများမှာ ဒါဇင်နဲ့ ချီတဲ့ လူတွေဟာ ယေရှုခရစ်တော်ကားစင်
တင်ပြီးအသတ်ခံခဲ့ ရတာကို ပြန်လည်အောက်မေ့ တဲ့ အထိမ်းအမှတ်အနေနဲ့ သူတို့ ကိုယ်တိုင် လက်ဝါး
ကပ်တိုင်မှာ ကားစင်တင်ခံခဲ့ ကြပါတယ်...
အဆိုပါအထိမ်းအမှတ်ပွဲသို့ ဖိလစ်ပိုင်လူမျိုး ၁သောင်းကျော်နဲ့ စိတ်ပါဝင်စားစွာလာရောက်ကြည့် ရှုသည့် 
နိုင်ငံခြားသားများလည်းတက်ရောက်ခဲ့ ကြပါတယ်...
Ritual: Men raise the cross of a Filipino penitent after he was 
nailed during an annual religious ritual in San Juan village, northern 
Philippines
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း စန်ဂျွမ်းကျေးရွာတွင် အကုသိုလ်အပြစ်ပြုမိသည့် အတွက်
အပြစ်တွေကျေလိုသူ၏လက်ဝါးကပ်တိုင်ကို ထူမနေကြစဉ်
Ritual: Men raise the cross of the penitent in San Juan village, northern Philippines
လူအများဟာ San Pedro Cutud လို့ ခေါ်တဲ့ လယ်ယာစိုက်ပျိုးမွေးမြူရေးအဓိကလုပ်တဲ့ ရွာကလေးမှာ
ရှေးခေတ်က၀တ်ရုံတွေ၊ သံဖြူတွေနဲ့ ပြုလုပ်ဖန်တီးထားတဲ့ ဦးခေါင်းသရဖူတွေကိုဆောင်းပြီး သစ်သား
လက်ဝါးကပ်တိုင်များကိုထမ်းကာ ဖုန်တွေထူထပ်တဲ့ တောင်ကုန်လေးဆီမှာ စုဝေးကြပါတယ်...
ထိုတောင်ကုန်းလေးကိုရောက်တာနဲ့ အမျိုးသားတွေဟာ သူတို့ ရဲ့ လက်နဲ့ ခြေထောက်တွေကို လက်ဝါး
ကပ်တိုင်မှာ သံနဲ့ ရိုက်ပြီးကားစင်အတင်ခံကြပါတယ်..
အဲဒီလူအုပ်ထဲမှာပါတဲ့ အသက် ၄၉ နှစ်အရွယ်ရှိ ဆိုင်းဘုတ်ပန်းချီရေးဆွဲသူ ရူဘင်အီနာဂျီ ဆိုယင်သူအ
ဆောက်အဦးတစ်ခုပေါ်ကနေပြုတ်ကျပြီး အသက်မသေခဲ့ လို့ ထာဝရဘုရားသခင်ကိုကျေးဇူးတင်လွန်းလို့ 
ယခုလို လက်ဝါးကပ်တိုင်မှာ ကားစင်တင်ခံခဲ့ တာ ၂၄ ကြိမ်ရှိခဲ့ ပါပြီ...
အသက် ၃၄ နှစ်ရှိ ဘိန်းမုန့် သည် မေရီဂျိန်းမာမန်ဂွန် ကတော့  San Juan ရွာကလေးမှာအခုကျင်းပတဲ့ 
ပွဲရဲ့ တစ်ဦးတည်းသော လက်ဝါးကပ်တိုင်မှာ အတင်ခံရမယ့် အမျိုးသမီးကုသိုလ်ရှင်ပဲဖြစ်ပါတယ်...
သူမအတွက်ယခုအကြိမ်ဟာ ၁၄ ကြိမ်မြောက်လက်ဝါးကပ်တိုင်အတင်ခံခြင်းဖြစ်ပါတယ်..
Filipinos
ဆန်ပီဒရိုရွာကလေးမှာ ဒီလိုမျိုးလက်တွေကိုသံနဲ့ အရိုက်ခံကြတာ ၂၃ ယောက်တောင်ရှိပါတယ်...
Devotee: This man, from the village of San Pedro, north of Manila, was among more than 23 people who were nailed to crosses 
သူမဟာအသက် ၁၈ နှစ်ကစလို့ ယခုလိုပွဲတော်မှာ နှစ်ခြားပြီး ပါဝင်ခဲ့ တာဖြစ်ပြီး ဒီလိုလုပ်ရတာကလည်း
ကျန်းမာရေးချွတ်ယွင်းနေတဲ့ သူမရဲ့ အဘွားနဲ့ ကင်ဆာရောဂါဖြစ်ပွားနေတဲ့ သူမရဲ့ ညီမလေးတို့ အတွက်
ဘုရားသခင်ရဲ့ ကူညီစောင့် ရှောက်မှုကို ရယူနိုင်ဖို့ ဖြစ်ပါတယ်လို့ ဆိုပါတယ်... 
" ဒီလိုလုပ်ရတာ ဟာတစ်ကယ့် ကိုအကျိုးရှိလို့ လုပ်တာဖြစ်ပါတယ်...နေမကောင်းဖြစ်နေတဲ့ အဘွားဟာ
ပြန်လည်ကျန်းမာလာတာကျွန်မကိုယ်တိုင်မြင်ခဲ့ ရတာပဲပေါ့ ..." လို့ သူမက ဆိုခဲ့ ပါတယ်...
အခုလိုပြုလုပ်တဲ့ ဘာသာရေးပွဲတော်မျိုးတွေကိုလည်း အနီးအနားက ဘူလန်ကန်ပြည်နယ်မှာ ပြုလုပ်ကြ
ပါသေးတယ်..
နိုင်ငံရဲ့ တစ်ခြားဒေသတွေမှာတော့ အပြစ်တွေပြေလျော ပပျောက်အောင်ကိုယ်အထက်ပိုင်းဗလာ၊ဖိနပ်ဗ
လာနဲ့ ကိုယ့်ကိုယ်ကို ကြိုးစ၊သစ်သားစတွေနဲ့ ရိုက်နှက်အပြစ်ပေးနေတဲ့ ၊ ကျောပြင်မှာ သွေးတွေပေကျံနေ
တဲ့ ယုံကြည်သူတွေဟာ လမ်းမတွေပေါ်မှာ လျှောက်နေကြပါတယ်...
Ritual: Mary Jane Mamangon, 34, is nailed to a cross in a ceremony
 marking the death of Jesus Christ
အသက် ၃၄ နှစ်ရှိ သူမကတော့  ပမ်ပန်ဂါပြည်နယ်ရဲ့ 
တစ်ဦးတည်းသော လက်ဝါးကပ်တိုင်၊ ကားစင်အတင်ခံအမျိုးသမီးပါပဲ
Catholic: Mary Jane Mamangon, 34, was the lone woman to be crucified in Pampanga province, northern Philippines
Maria Wendelyn Pedrosa, 19, is carried by Filipinos in the town of
 Hagonoy, Bulacan province, northern Philippines
အသက် ၁၉ နှစ်အရွယ်ရှိ မာရီယာ ၀င်ဒီလင်းပီဒရိုဆာ ကတော့ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း
ဘူလကန်ပြည်နယ် ဟဂိုနွိုင်းမြို့ မှာလုပ်တဲ့ ပွဲတော်မှာ ပါဝင်ခဲ့ ပါတယ်...
Maria Wendelyn Pedrosa, 19, is carried by Filipinos in the town of Hagonoy, Bulacan province, northern Philippines
အခုလို ( ယေရှုခရစ်တော် လက်ဝါးကပ်တိုင်မှာ အသေခံခြင်း ) ဖြစ်ရပ်ကိုပြန်လည်သရုပ်ပြတဲ့ လုပ်ရပ်ကို
လွန်ခဲ့ တဲ့ နှစ်ပေါင်း ၃၃ နှစ်ကတည်းက စတင်ကျင်းပခဲ့ တာဖြစ်ပြီး ယေရှုခရစ်တော်အဖြစ်သရုပ်ဖော်တဲ့ 
သူကို လက်ဝါးလက်တိုင်မှာလက်ကိုသံနဲ့ ရိုက်အပြီး ညနေ ၃ နာရီမှာအခမ်းအနားကိုအဆုံးသတ်ပါတယ်..
အဲဒီအချိန်ဟာ ယေရှုခရစ်တော်သေဆုံးခဲ့ တဲ့ အချိန်အတိအကျပဲဖြစ်ပါတယ်လို့ ကက်သလစ်ဘာသာဝင်
တွေကယုံကြည်ကြပါတယ်...
ဒါပေမယ့် ခရစ်ယာန်ဘုရားကျောင်းခေါင်းဆောင်တွေကတော့ ယခုလိုလုပ်တာတွေကိုလက်မခံကြပါဘူး...
ခရစ်ယာန်သာသနာကိုအမှန်တစ်ကယ်သက်ဝင်ယုံကြည်သူတွေရဲ့ အီစတာပွဲတော်မတိုင်မီ ရက်လေးဆယ်
ကာလ ( ခရစ်ယာန်ဝါတွင်းကာလ ) အတွင်းမှာအမှန်တစ်ကယ်ပြုလုပ်သင့် တာက ပြုခဲ့ တဲ့ အပြစ်တွေကို
ပြန်လည်ဆင်ခြင်ကာ၊ အသစ်တစ်ဖန်မပြုလုပ်စေပဲ ယုံကြည်သူအသစ်အဖြစ်မိမိကိုယ်ကိုဆင်ခြင်ဆုံးဖြတ်
တာဖြစ်ပြီး ကိုယ့်ကိုယ်ကို ကြိုး၊ကြာပွတ်ဖြင့် ရိုက်နှက်အပြစ်ပေးခြင်း၊ လက်ဝါးကပ်တိုင်တွေမှာလက်ကိုသံ
မှိုအနှက်ခံကာ ကားစင်အတင်ခံခြင်းတွေ မဟုတ်ပါဘူးလို့ ဖိလစ်ပိုင်နိုင်ငံရဲ့ ကက်သလစ်ဂိုဏ်းအုပ်များရဲ့ 
ညီလာခံ ( အဖွဲ့ ) က ပြောကြားခဲ့ ပါတယ်...
မိမိကိုယ်ကိုရိုက်နှက်အပြစ်ပေးခြင်း၊ လက်ဝါးလက်တိုင်မှာ လက်ကိုသံမှိုအရိုက်ခံခြင်းတွေဟာ အယူသီး
တဲ့ ယုံကြည်ကိုးကွယ်မှုတွေဖြစ်ပြီး၊ ငွေကြေးရလိုမှု ဒါမှမဟုတ် ကမ္ဘာလှည့် ခရီးသွားများ၊ လာရောက်
လည်ပတ်သူများကို စွဲဆောင်ဖို့ တွေသာဖြစ်တယ်လို့ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ရိုလန်ဒို ကဆိုခဲ့ ပါတယ်..
Ritual
နှစ်ပေါင်း ၃၃ နှစ်ကြာ အစဉ်အလာမပျက်ကျင်းပခဲ့ ကြတယ်...
The ritual has taken place for the last 33 years, and ends at 3pm - which is the exact time the Catholics believe Jesus died 
A man rushes forward carrying a cross as he is whipped by others 
during the reenactment of the sufferings of Jesus Christ
ယေရှုခရစ်တော် လူသားတွေအတွက် အနစ်နာခံ၊ ပေးဆပ်ခြင်းတွေကို ပြန်လည်ဖော်ကျူးတဲ့ 
ပွဲမှာ လက်ဝါးကပ်တိုင်သယ်ဆောင်ကာပြေးလာသည့် သူကို ကြာပွတ်၊ ကြိုးများဖြင့်
ဝိုင်းရိုက်နေကြပုံ...( ဒီလိုအရိုက်ခံယင်အပြစ်တွေပြေတယ်လို့ ယုံကြည်ကြတယ်...)
A man rushes forward carrying a cross as he is whipped by others during the reenactment of the sufferings of Jesus Christ 
လူဦးရေ သန်း ၉၀ ကျော်ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ၈၀ ရာခိုင်နှုံးခန့် ဟာ ရိုမန်ကက်သလစ်ဘာသာဝင်တွေ
ဖြစ်ကြပါတယ်...
ပမ်ပန်ဂါပြည်နယ်၊ စန်ဖာနန်ဒို မြို့ မှာပြုလုပ်တဲ့ အဆိုပါ (လက်ဝါးလက်တိုင် ) တင်ပွဲအခမ်းအနားကိုတော့ 
ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံခြားသားများလာရောက်ခွင့် မပြုပဲတားမြစ်ခဲ့ ပါတယ်...
အခုလိုလုပ်ရတာဟာလည်း ယခင်နှစ်တွေကပြုလုပ်ခဲ့ တဲ့ ပွဲတော်ကိုလာရောက်တဲ့ နိုင်ငံခြားသားတွေဟာ
အဆိုပါအခမ်းအနားတွေမှာ လှောင်ပြောင်ခဲ့ လို့ ဖြစ်ပါတယ်လို့ ပွဲတော်ကျင်းပသူ ချင်းပန်ဂျီလီနန် ကဆိုခဲ့ 
ပါတယ်...
" ဒီဒေသက လူတွေရဲ့ ရိုးရာအစဉ်အလာရလုပ်တဲ့ ပွဲကို သူတို့ တွေလာပြီးလှောင်ပြောင်တာကို အလိုမရှိ
ပါဘူး.."  လို့ ပန်ဂျီလီနန် ကဆိုခဲ့ ပါတယ်...
Trafalgar Square
 ဟိုစဉ်တုံးကအတိုင်း...
Trafalgar
 အင်္ဂလန်က ထရာဖယ်လ်ဂါရင်ပြင်မှာလုပ်တဲ့ Good Friday သရုပ်ဖော်ပွဲ...
Hundreds of people looked on during a Good Friday performance at Trafalgar Square
အထိမ်းအမှတ်လေဟာပြင်အခမ်းအနားတစ်ခုမှာတော့ ယေရှုခရစ်အဖြစ် ၀တ်ဆင်ထားတဲ့ လူတစ်ဦးဟာ
လက်ဝါးလက်တိုင်မှာ ကားစင်တင်တဲ့ ပုံအဖြစ်သရုပ်ဆောင်ခဲ့ လို့ လာရောက်ကြည့် ရှူသူတွေရာနဲ့ ချီပြီး
ရှိခဲ့ ပါတယ်...
ဒီသတင်းလေးဖတ်မိပြီးလောကကြီးမှာ အမှန်ကိုအမှန်အတိုင်းမြင်တတ်ဖို့ ဆိုတာအလွန်ပဲအရေးကြီးတယ်
ဆိုတာသဘောပေါက်မိပါတယ်...
မိမိအလိုရှိတာ၊ ဆန္ဒရှိတာ၊ ဖြစ်စေချင်တာလေး တစ်ခုနှစ်ခုဖြစ်လာရုံနဲ့ ထိုအယူအဆ၊ပြုလုပ်မှုဟာတစ်
သက်လုံးမှန်ကန်နေလိမ့် မှာမဟုတ်ဘူးဆိုတာပါပဲ...
တစ်ဆက်တည်းပဲကိုယ့် ဗုဒ္ဓဘာသာဝင်တွေရဲ့ တစ်လွဲယုံကြည်နေတာလေးတွေလည်းစဉ်းစားမိပါ
သေးတယ်...
အခုနောက်ပိုင်း မြန်မာပြည်တစ်လွှားမှာ အမျိုးမျိုးသောဘွဲ့ တော်တွေနဲ့ ဘုရားဆင်းတု၊စေတီတော်တွေ
များစွာ တည်ထား၊ ပင့် ဆောင်ကိုးကွယ်၊ပူဇော်နေကြတာမြင်တွေ့ ကြားသိနေရပါတယ်...
အပယ်ပိတ်ဘုရား၊ ၀ဋ်ကြွေးတော်ပြေဘုရား၊ အလိုတော်ပေါက်ဘုရား၊လာဘမုနိဘုရား..စသည်..စသည်..
မြတ်ဗုဒ္ဓသာသနာမှာ ဘုရားရှင်ရုပ်ပွားဆင်းတုတော်ကိုဖူးမျှော်ရုံနဲ့ အပယ်တွေလုံးဝပိတ်စေမယ်၊ ၀ဋ်ကြွေး
တွေအားလုံးကျေစေမယ်၊ အလိုဆန္ဒတွေပြည့် စုံစေမယ်၊ လာဘ်လာဘတွေပေါကြွယ်ဝလို့ ဝင်ငွေတွေ
တိုးကာချမ်းသာကြွယ်ဝလိမ့် မယ်လို့ ဟောကြားချက် လုံးဝ၊ လုံးဝမရှိပါ...
တစ်ချို့ ( လွန်စွာရှားပါး ပါလိမ့် မည် ) တစ်ချို့ အကြောင်းတိုက်ဆိုင်လို့ အလိုဆန္ဒလေးတွေပြည့် ခဲ့ တာ
ရှိကောင်းရှိပါလိမ့် မည်...
သို့ သော် ကံ၊ဥာဏ်၊၀ိရီယ ဟူသော အကြောင်းတရားများနှင့် လွတ်ကင်းပြီးကိစ္စတစ်ခုပြီးမြောက်တာမျိုး
မရှိနိုင်ပါ...
အဓိက ကတော့ ကိုယ်လုပ်မှ ကိုယ်ရပေမည်...ထီပေါက်ဖို့ တောင်မှ အနည်းဆုံးထီလက်မှတ်တော့ ဝယ်
ရပေဦးမည်...
ထိုအကြောင်းတရားများကို မျက်ကွယ်ပြုကာ ထိုထိုရုပ်ပွားများ အိမ်သို့ ပင့် ကာပူဇော်လျှင်စီးပွားတက်
သည်၊ကျန်းမာသည်၊ ရာထူးတိုးသည် စသည်၊ စသည် မိမိဖြစ်စေလိုသော လောကီအလိုဆန္ဒများအတွက်
သာဘုရားကိုကြည်ညိုပူဇော်လျှင်ကား လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပါရမီတော်များဖြည့်ကျင့် ကာဟော
ကြားတော်မူခဲ့ သည့် သာသနာတော်ကြီးကို စော်ကားရာပင်ရောက်နေချေပေဦးမည်...
တစ်ချို့ များကျတော့ ရှိသေးသည်...
ရုပ်ပွားဆင်းတုတော်များက ပြုံးသည်၊ မဲ့ သည်၊ မျက်ရည်ကျသည် စသည်ဖြင့် ...
ကိုယ်ယုံကြည်ကိုးကွယ်နေသည့် မြတ်ဗုဒ္ဓသည် မည်သို့ သောပုဂ္ဂိုလ်ဖြစ်သည်ဆိုသည်ကိုပင် မသိကြလေ
သလော...
ခန္ဓပရိနိဗ္ဗာန်၊ ကိလေသာပရိနိဗ္ဗာန် ၀င်စံတော်မူပြီးသည့် မြတ်ဘုရားသည် အဘယ်သို့ လျှင် ရုပ်ပွားဆင်း
တုတော်သို့ ပြုံးစေ၊မဲ့ စေ၊ မှည့် ပေါ်စေ၊ မှည့် ပြေးစေ၊ မျက်ရည်ကျစေ လိမ့် မည်နည်း...
ထိုသို့ ပြုလုပ်၍လူအများပစ္စုပ္ပန်၊ သံသရာအတွက်အကျိုးရှိမည်ဆိုလျှင် ပြုံးရုံ၊ မဲ့ ရုံမျှမက၊ တရားပင်ဟော
ပါလိမ့် ဦးမည်...
ယခုတော့ ထူးသည်ဆိုမှ ယုံကြည်ချင်သူများအတွက် လူလိမ်လူညာများ၏ အကွက်ပင်...
ကြိုးစားအားထုတ်ချင်စိတ်များကွယ်ပျောက်ကာ လူလိမ်လူညာ၊ အယောင်ဆောင်ပုဂ္ဂိုလ်များ၏ အလှည့် 
အဖျားခံရဖို့ က များချေပေတော့ သည်... 
သတိထား၍ယုံစားကြစေလိုပါသည်...
ကိုပီတာ
ချစ်ဖူးတယ်....မလွယ်ဘူး ရူးနိုင်တယ်.
ကိုယ်ငယ်စဉ် ကလေးဘ၀ ...
အပြစ်ကင်းစင်သပေါ့ ...
မထင်မှတ်ပဲ...
ကိုယ်မင်းကို တွေ့ ခဲ့ တယ်...
ရင်ခုန်ညွတ်နူးဖွယ် မင်းပုံရိပ်ပဲပေါ့ ....
ဒီဇိုင်းအလန်းလေးနဲ့ လေ....
ကိုယ့် ရဲ့ အတွေးပုံရိပ်များထဲက မင်းနဲ့ ကိုယ်...
မင်းအတွက် ကိုယ့် နှလုံးသားလက်ဆောင်....
မင်းပြုံးပြီးတော့ ခေါင်းငြိမ့် လိုက်တဲ့ အခါ....
ကိုယ်အရမ်းပျော်ရွှင်ခဲ့ ရတယ်ပေါ့ ...
ကိုယ်မင်းကို တစ်ညလုံး ....ဒီလို အလွမ်းပုံပြင်တွေပြောခဲ့ တယ်လေ...
တွယ်တာစရာမင်းပုံရိပ် လေ....
နောက်နေ့ ...အလုပ်ထဲမှာဆိုယင်တော့ ....
ကိုယ့် အဖြစ်က ဒီလို ....
သူငယ်ချင်းတွေ ...ချစ်သူ မင်းကိုတွေ့ တဲ့ အခါ ...သူတို့ ဒီလို မနာလိုဖြစ်တယ်လေ....
ကိုယ့် ရဲ့ ကြည်နူးပီတိ ....
တုံ့ ပြန်အပြုံး....
ဒါပေမယ့်  ချစ်သူများနေ့ ရောက်တော့  မင်းက တစ်ခြားသူတစ်ယောက်ကို
နှင်းဆီပန်းလေး ...ဒီလိုပေးခဲ့ လိုက်တော့ .....
ကိုယ် ဒီလို စိတ်ဆိုးခဲ့ ရတယ်လေ...
နောက်တော့ ကိုယ် ဒီလို ခံစားခဲ့ ရပါတယ်...
ကိုယ်က စိတ်ကြီးသူတစ်ယောက်မို့ ....
ဒီလိုပေါက်ကွဲလိုက်ချင်ပေမယ့် ...
ကိုယ့် ကိုယ်ကို လူကြီးလူကောင်းတစ်ယောက်လို့ ခံယူထားတာမို့ ...
ဒီလိုလေးပဲ တုံ့ ပြန်နိုင်ခဲ့ တယ်နော်...
ကြေကွဲနေခဲ့ တဲ့  ကိုယ်....
ဒီလို တွေ ထင်ရာစိုင်းခဲ့ တယ်လေ...
ကိုယ့် မေမေလည်း ကိုယ့် ကို မဆုံးမ နိုင်တော့ ဘူးပေါ့ ....
အဆုံးတော့  ကိုယ် ဒီလို ဖြစ်ခဲ့ ရတယ်ပေါ့ ....
ဘာပဲဖြစ်ဖြစ် ချစ်တဲ့ မင်းအတွက်မို့ 
ကိုယ်ကျေနပ်ပါတယ်.....