ချစ်သူ့နယ်မြေ(ZLT)သို့ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ ဘလော့ဂ်လေးအတွင်းလိုအပ်တာရှိရင်လည်း အကြံပေးသွားနိုင်ပါတယ်ခင်ဗျာ.. မိတ်ဆွေတို့အား အစဉ်လေးစားလျှက်......ဇေယျာ(ZLT)

09/07/2012

ဘလော့ဂ်တာဝန် လွှဲပြောင်းခြင်း

ချစ်သူ့နယ်မြေ ဘလော့ဂ်လေးအားအမြဲအစဉ်တစိုက်
အားပေးနေကြတဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံး မင်္ဂလာပါခင်ဗျာ...
ကျွန်တော့်ရဲ့ ဒီဘလော့ဂ်လေးကို သံယောဇဉ်ဖြစ်ပေမယ့်
တွေ့ကြုံဆုံကွဲ ဆိုတဲ့ သဘာဝ အတိုင်း များမကြာခင် အချိန်လေးမှာ ကျွန်တော်ချစ်တဲ့
ဒီဘလော့ဂ်လေးနဲ့ အားပေးကြတဲ့ မိတ်ဆွေ တွေကို ခွဲရတော့မည့် အချိန် ကျလာပါပြီ..
အကြောင်းကတော့ ဒီအပတ်ထဲမှာပဲ မြန်မာပြည်ကို အပြီးပြန်တော့မှာ ကြောင့်ပါ...
ပြောရရင် ကျွန်တော်တို့ တောမှာက အင်တာနက်ဆိုင်ကလည်း မရှိဘူးဆိုတော့
ကျွန်တော် ကိုယ်တိုင် ပို့စ်တွေကို တင်ဖို့က အဆင်မပြေတော့ပါဘူး...
အဲဒါကြောင့် ယနေ့မှစပြီး ကျွန်တော့် ဘလော့ဂ်ရဲ့ ပို့စ်တွေအားလုံးကို
ကျွန်တော် ဇေယျာ့ ကိုယ်စား ညီအကိုလို သူငယ်ချင်းလို ချစ်ခင်ရတဲ့ မြတ်ဘုန်းခ မှဆက်လက်
တာဝန်ယြူပီး အရင်လိုပဲ ပျော်စရာလေးတွေနဲ့ ဗဟုသုတလေးတွေ ဆက်လက်တင်ဆက်ပေးသွားမှာပါ...
ဘလော့ဂ်ကြွလာ မိတ်ဆွေ အားလုံး အရင်ကလို ပဲ အားပေးကြပါလို့ တောင်းဆိုပါတယ်...


အားလုံးသော မိတ်ဆွေအပေါင်းကျန်းမာသုခနဲ့ ပြည့်စုံနိုင်ကြပါစေလို့
ဆုတောင်းရင်း...
ခင်မင်လေးစားလျှက်..
ဇေယျာ(ZLT)