ချစ်သူ့နယ်မြေ(ZLT)သို့ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ ဘလော့ဂ်လေးအတွင်းလိုအပ်တာရှိရင်လည်း အကြံပေးသွားနိုင်ပါတယ်ခင်ဗျာ.. မိတ်ဆွေတို့အား အစဉ်လေးစားလျှက်......ဇေယျာ(ZLT)

19/06/2012

လူမိုက်ကြီးနှင့် အင်တာဗျူး

မင်္ဂလာပါ အကို...
အကိုနဲ့ အင်တာဗျူးလေး လုပ်ချင်လို့ပါနော်....
ဟုတ်ကဲ့ မေးပါ ခင်ဗျာ့........


အရင်ဆုံး အကို့ရဲ့ နာမည် အရင်းလေး သိပါရစေ...
နာမည်ရင်းက ဗေလုဝ ပါ...( လူမိုက်လောကမှာတော့ ဗေကြီးလို့ ခေါ်ပါတယ်..)


ဟုတ်ကဲ့..၀ါသနာလေးကရော...
ဝါသနာကတော့ ကျားတွေသွားကို နှုတ်ရတာ ၀ါသနာပါပြီး..ကျည်ဆံတွေဖမ်းရတာ ခုံမင်၊
ဆိုးပေ့၊ မိုက်ပေ့ ဆိုတဲ့သူတွေနဲ့ လက်ရုံးရည်၊ နှလုံးရည် ယှဉ်ရတာ
ဝါသနာ ထုံပါတယ်.....


သြော်... တကယ့် သတ္တိခဲပဲ....
ဒါနဲ့ အကို့ရဲ့  အမှတ်တရ မှတ်တမ်းလေးရှိရင် ပြောပြပေးပါဦး...
ဟုတ်ကဲ့.. ဆင်တစ်ကောင်နဲ့ နပန်းလုံးပြီး ဂုတ်ချိုးသတ်ခဲ့ဖူးပါတယ်...


ထင်ရှားတဲ့ အမှတ်အသားလေးများရှိရင် ဖော်ပြပေးစေချင်ပါတယ်...
ကျောပြင်မှာ စပ်ဖြဲဖြဲ ဘီလူးရုပ် ရှိပါတယ်...


အားကစားရော လုပ်ဖြစ်ပါသလား...ဘယ်လို အားကစားမျိုး ကို သဘောကျပါသလဲ
ဆူနာမီပေါ်တွင် ရေကူးခြင်း၊ ရေလွှာလျှောစီးခြင်းပါ။


ဘ၀မှာ မှတ်မှတ်ရရ အရှက်ရခဲ့တာမျိုးရော ရှိခဲ့ပါသလားခင်ဗျာ့...
ရှိတာပေါ့... တစ်နေ့တော့ထဲကို အလည်သွားရင် ၀က်ဝံ ၉ ကောင်နဲ့ ဖိုက် ခဲ့တုန်းက
၈ ကောင်ကို အသေသတ်နိုင်ခဲ့ပေမယ့်  ကျန်တစ်ကောင်ကို ကျိုးရုံ၊ ကန်းရုံလေး  လုပ်နိုင်ခဲ့သဖြင့်
အရှက်ကြီး ရှက်ခဲ့ဖူးပါတယ်....


ကိုယ့်ကိုယ်ကို ဂုဏ်ယူမိတဲ့အချိန်ရော ရှိခဲ့ဖူးရင် ပြောပြပေးပါ့လား..
မိုက်တိုက်ဆန် ကျုပ်ရင်ဘတ်ကို လက်သီးနဲ့ ထိုးလိုက်စဉ်က ထိုးသူလက်
ကျိုးသွားသောအချိန်ပါ။


အကြိုက်ဆုံး လက်သုံးစကားလေးကရော...
ဗလမလို `ဇ´ သာလို၏၊။

ဟုတ်ကဲ့ ခုလိုဖြေကြားပေးတဲ့ လူမိုက်ကြီးအား အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ.......
ကျွန်ုပ်ကလည်း ကြွားခွင့်ရလို့ ကျေးဇူးအများကြီးတင်ပါတယ်... :P

ဟီးးးးဘာရယ်တော့ မဟုတ်ဘူး..ဖေ့ဘွတ်က ဟာသ ဓါတ်ပုံလေးကို
အနည်းငယ်ပြုပြင်ရေးသားခြင်းဖြစ်ပါတယ်...
အားလုံးသော သူငယ်ချင်းများ ပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းရင်း

ခင်မင်လေးစားလျှက်...
ဇေယျာ(ZLT) 
                 

No comments:

Post a Comment