ချစ်သူ့နယ်မြေ(ZLT)သို့ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ ဘလော့ဂ်လေးအတွင်းလိုအပ်တာရှိရင်လည်း အကြံပေးသွားနိုင်ပါတယ်ခင်ဗျာ.. မိတ်ဆွေတို့အား အစဉ်လေးစားလျှက်......ဇေယျာ(ZLT)

20/04/2012

အဖေ(ရင်ကိုထိသောစာသားလေး)


*************************************************************************

ကျွန်တော်
♥♥♥♥♥♥
၎- နှစ်သားတုန်းက င့ါဖေဖေကြီး ဘာမဆို လုပ်တတ်တယ်...၊
၅- နှစ် င့ါဖေဖေကြီး မသိတာ ဘာမှ မရှိဘူး..၊
၆- နှစ် င့ါအဖေက မင်းအဖေထက်တတ်တယ်ကွ...၊
၈- နှစ် တို့ ဖေဖေက အကုန်လုံးတော့ အတိအကျမသိဘူး..၊
၁၀-နှစ် အဖေတို့ ငယ်ငယ်တုန်းကနဲ့ ခုနဲ့ တခြားစီပဲ...၊
၁၂- နှစ် အင်း အဲဒါတော့ အဖေလဲ ဘယ်သိပါ့မလဲ..၊သူက အသက်ကြီးပြီ ဆိုတော့ ကလေးတုန်းက
အကြောင်းတွေ မမှတ်မိနိုင်တော့ဘူး..။
၁၄- နှစ် အဖေတော့ ထည့်မပြောနဲ့ သူက ရှေးရိုးသမားကြီး..။
၂၁- နှစ် အဘိုးကြီးလား ..ထားပါ...၊ အောက်နေပြီ...၊ လုံးဝအောက်နေပြီ...၊
၂၅- နှစ် အဖေလည်း နဲနဲပါးပါးတော့ သိတယ်..၊ မသိလို့လည်း မဖြစ်ဘူးလေ..၊ သူက လူကြီးပဲ...ဟာ။
၃၀- နှစ် အဖေ့ကို နဲနဲပါးပါး မေးမြန်းကြည့်ရင် ကောင်းမယ်ထင်တယ်..၊ဘာပဲ ပြောပြော သူက အတွေ့အကြုံ
အများကြီး ရှိတယ်...၊
၃၅- နှစ် အဖေနဲ့ တိုင်ပင်ပြီးမှပဲ ဒီကိစ္စအတွက် ငါတစ်ခုခု လုပ်နိုင်မယ်...။
၄၀- နှစ် အဖေသာဆိုရင် ဒီကိစ္စ ဘယ်လိုဖြေရှင်းမလဲ မသိဘူး..၊အဖေက
အတွေ့အကြုံစုံတယ်..အမြော်အမြင်
လည်း ရှိတယ်..၊
၅၀- ဒီကိစ္စ ခုနေချိန်သာ အဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရ ပေးရ ငါပေးပါတယ်..
အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်း သတိမထားမိတာ သိပ်နှမြောစရာ ကောင်းတယ်.
တကယ်ဆို ငါအဖေ့ဆီက အများကြီး ရလိုက်ဖို့ကောင်းတယ်...။

***********************************************************************

ကဲ..ဘယ်လိုလဲ သူငယ်ချင်းတို့....ကျွန်တော်ကတော့ ဒီစာလေးဖတ်လိုက်ရတဲ့အချိန်မှာ
ကျွန်တော့်ဖေဖေ ကို ပိုချစ်လာမိတယ်.....ပြီးတော့ စာသားတွေကလည်း ရင်ကိုထိတယ်ဗျာ...
  
မှတ်ချက်။        ။မူရင်းစာရေးသူကို သေချာမသိရလို့ ထည့်မပေးနိုင်တာကိုတော့နားခလည်ခွင့်လွှတ်
                         ပေးကြပါလို့ တာင်းဆိုပါတယ်... ဖတ်ခွင့်ရအောင်ပြန်မျှဝေပေးတဲ့ ကို snakeကိုလည်း 
                         ကျေးဇူးပါ...  

1 comment:

  1. အရမ်းကောင်းတယ်...သေချာမှတ်ထားနော်...

    ReplyDelete