ချစ်သူ့နယ်မြေ(ZLT)သို့ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ ဘလော့ဂ်လေးအတွင်းလိုအပ်တာရှိရင်လည်း အကြံပေးသွားနိုင်ပါတယ်ခင်ဗျာ.. မိတ်ဆွေတို့အား အစဉ်လေးစားလျှက်......ဇေယျာ(ZLT)

27/04/2012

ခြင်္သေ့ကိုက်ခံလိုက်ရတဲ့လူ....

သူငယ်ချင်းအားလုံးမင်္ဂလာပါနော်...
ဒီတစ်ခါ တင်မယ့်ပုံလေးတွေကတော့ 
တိရိစ္ဆာန်ရုံမှာ ခြင်္သေ့စာကျွေးရင်း ခြင်္သေ့ကိုက်ခံလိုက်ရတဲ့
လူတစ်ယောက်ရဲ့ ပုံလေးတွေ တင်ပေးလိုက်ပါ့မယ်.....
ဖြစ်တာကတော့ တော်တော်လေးကြပါပြီ....
မကြည့်ရသေးတဲ့သူတွေအတွက် တင်ပြပေးလိုက်ပါတယ်ခင်ဗျာ..

မိုက်လိုက်တဲ့လူ..အထဲဝင်ကျွေးရတယ်လို့...ဟူး...
 ကူတော့ကူညီနေတာပဲ...သိုပေမယ့် အင်အားက မမျှတတော့...:(
 လည်ပင်းကိုပြောင်းကိုက်လိုက်ပြီဗျာ...
သွေးတွေလည်း ချင်းချင်းကိုရဲလို့..
 ဒရွတ်တိုက် ဆွဲသွားပြီ..မလွယ်ကျောပဲဟေ့
 အမှန်အကန် ဆွဲဖို့နေရာယူနေပြီ...
 လုံခြုံရေးတွေလည်း ပျာယာခက်ကုန်တာပေါ့
 လက်ဖြောင့်တပ်သားက ခုမှလာတယ်...အကိုက်ခံရတဲ့သူကသေရှာတော့မယ်..

သေနတ်နဲ့ ၄ ချက်ပစ်လိုက်တော့မှ ခြင်္သေ့ ခွေကျပေတော့တယ်....
 နောက်ဆုံး ခံလိုက်ရတဲ့သူသေမလားရှင်မလားတော့မသိ...
လှုပ်ကို မလှုပ်နိုင်ရှာတော့ဘူး.......

             သြော်..လူ့ဘ၀...သမုဒ္ဒရာဝမ်းတစ်ထွာ ဆိုတဲ့အတိုင်း
ဝမ်းတစ်ထွာ စာလေးအတွက် ရှာဖွေစားသောက်နေရတာ မရဏမင်း
နှုတ်ခမ်းပေါ် လျှောက်နေရသလိုပါပဲလား.......

ဗီဒီယိုအား ပြန်လည်ရိုက်ယူထားခြင်းကြောင့် ပုံများ အနည်းငယ်ဝါးနေပါသဖြင့်
နားလည်ခွင့်လွှတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်....

ခင်မင်လေးစားလျှက်..
ဇေယျာ(ZLT) 


2 comments:

  1. ထိတ်လန့်စရာနော်...

    ReplyDelete
  2. ကြည့်ခွင့်ရမယ်ဆိုရင် ဗီဒီယိုဖိုင်ကြည့်ချင်တယ်ဗျား

    ReplyDelete