ချစ်သူ့နယ်မြေ(ZLT)သို့ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ ဘလော့ဂ်လေးအတွင်းလိုအပ်တာရှိရင်လည်း အကြံပေးသွားနိုင်ပါတယ်ခင်ဗျာ.. မိတ်ဆွေတို့အား အစဉ်လေးစားလျှက်......ဇေယျာ(ZLT)

16/04/2012

facebook ပေါ်က လူကြိုက်များတဲ့ ပုံရိပ်များ


အများပြည်သူမြင်ကွင်းတွင်သောက်စားခြင်း၊မလုံမခြုံဝတ်စားခြင်းများတနှစ်ထက်တနှစ်ပိုဆိုးလာနေသည်။
ကျွန်တော်တို့ သင်္ကြန်လည်စဉ်ကားပေါ်မှာချမ်းလာ၍သောက်ချင်လျှင်အခြားသူတွေမမြင်အောင်ကွယ်သောက်သည်။
စံနူန်းများကိုသိလို့ မဟုတ်၊အရက်သမားမှန်းလူသိမှာစိုးလို့ပါ။
သင်္ကြန်သည်အများပြည်သူလည်သော(G)GeneraL(အထွေထွေ)အဆင့်သတ်မှတ်လို့ ရသည့်ပွဲတော်တခုဖြစ်သည်။
ကလေးများလည်းပါသည်။ဘီယာဘူးများကိုစက္ကူပတ်ပြီးသောက်သင့်သည်။အများပြည်သူမြင်ကွင်းဧရိယာတွင်သောက်စားခြင်း
သည်အမှန်တော့နိုင်ငံကြီးများတွင်အရေးယူလေ့ရှိသည်။အနည်းဆုံးဒါဏ်ငွေအရိုက်ခံရသည်။ကမ်းခြေမှာအနားယူစဉ်တွင်ပင်
ဘီယာဘူးကိုစက္ကူပတ်သောက်ရသည်။အခမသင့်လျှင်ဒါဏ်ငွေအရိုက်ခံရနိုင်သည်။
မြန်မာပြည်မှာဒီလိုဥပဒေရှိမရှိမသေချာပါ။အခုနောက်ပိုင်းဆေးပြားတွေကလည်းအလွယ်တကူဝယ်လို့ နေတော့နှစ်ပင်လိမ်
ကုန်ပြီးဖြစ်ချင်တာဖြစ်တော့သည်။မြောက်လာတော့ကချင်သည်။စကပ်တိုတိုဝတ်ထားတာသတိမ၇တော့။ကင်မရာစာမိကုန်သည်။
ကားပေါ်ကကလေးတွေကလည်းတွေ့ ကုန်သည်၊အတုခိုးမည်။လိုက်ကမည်၊သူတို့ ဖေါ်သလိုဖေါ်မည်။
အစိုးရကခွင့်ပြုမည်ဆိုလျှင်၂၅နှစ်အထက်သာဝင်ရသောတကိုယ်လုံးချွတ်ကသည့်ဘားများတွင်ကနိုင်ပါသည်။
ရုပ်မြင်သံကြားမှဇာတ်လမ်းများဆိုလည်းစံနူန်းများရှိသည်။G,+8,+14,+18 စသဖြင့်ရှိသည်။G,+8သည်မည်သူမဆိုကြည့်ရသည်။
+14သည်သွေးထွက်သံယိုနှင့်ရိုင်းသောစကားများပါ၍၁၄နှစ်အောက်မကြည့်ရန်သတိပေးစာတမ်းဖြစ်သည်။+18သည်ဖိုမနှင့်
ဆိုင်သောအသုံးအနုံးအမူအရာအပြုအမူများပါသောကြောင့်၁၈နှစ်အောက်မကြည့်ရန်သတိပေးစာတမ်းဖြစ်သည်။တီဗွီပေါ်မှာကြော်ငြာလာပြီးသည်နှင့်ဇာတ်လမ်းပြန်စတော့မည်ဆိုလျှင်(RATE)စံနူန်းကိုခေတ္တဖေါ်ပြရသည်။သတိပေးထားလျက်နှင့်ကလေးကြည့်မိ
လျှင်မိဘတာဝန်ဖြစ်သည်။ဤစနစ်မြန်မာ့ရုပ်မြင်သံကြားကကျင့်သုံးနေပြီလား.လူမြင်ကွင်းမလုံမခြုံဝတ်တာကိုအခြားကလေးငယ်များ
အတုခိုးဝတ်လျှင်နောက်ဆက်တွဲဆိုးကျိုးများရှိသည်။ထိုနည်းတူသောက်စားမှုများတွင်အတုခိုးလျှင်အနာဂတ်အရက်သမားလေး
များမွေးထုတ်သောမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်တော်မူသောဦးသိန်းစိန်အစိုး၇ဟု၇ာဇ၀င်စာတင်ကျန်ပေမည်။
ပညာပေးလုပ်ငန်းများလုပ်ဆောင်သင့်သည်။ပညာပေးထားပါလျက်ထပ်လုပ်လျှင်ဒါဏ်ငွေရိုက်လို့ ရသည်။ထပ်ခါထပ်ခါရိုက်လျှင်
မည်သူမျှ(PUBLIC AREA)တွင်လုပ်ဆောင်ကြမည်မဟုတ်တော့ပါ။

















1 comment:

  1. သူတို့လုပ်ရပ်ကိုသူတို့ပျော်ရင်ပြီးတာပဲမဟုတ်လား...လူဆိုတာပြောပိုင်ခွင့်မရှိဘူးလေ..မှားသည်မှန်သည်ဖြစ်စေပေါ့...

    ReplyDelete