
အသက် ၄၉ နှစ်ရှိ ဆိုင်းဘုတ်ပန်းချီဆရာ ကလည်း အဆောက်အဦးတစ်ခုပေါ်ကပြုတ်ကျခဲ့ စဉ်
အသက်မသေခဲ့ လို့ ယုံကြည်တဲ့အတွက် အခုလိုကားစင်တင်ခံ လက်ဝါးကပ်တိုင်မှာ
သံမှိုအနှက်ခံခဲ့ တာ ၂၄ ကြိမ်တိုင်ခဲ့ ပါပြီ...
Painfully devoted: Ruben Enaje, a 49-year-old sign painter, was nailed to a cross for the 24th time as his way of thanking God for his survival after falling from a building. The bizarre practice is an annual Filipino ritual to mark Good Friday
လွန်ခဲ့ တဲ့ သီတင်းပါတ်များက ကျင်းပပြီးစီးသွားခဲ့ တဲ့ Good Friday နေ့ ပွဲတော်မှာကက်သလစ်ဘာသာ
ဝင်အများစုနေထိုင်တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ကျေးရွာများမှာ ဒါဇင်နဲ့ ချီတဲ့ လူတွေဟာ ယေရှုခရစ်တော်ကားစင်
တင်ပြီးအသတ်ခံခဲ့ ရတာကို ပြန်လည်အောက်မေ့ တဲ့ အထိမ်းအမှတ်အနေနဲ့ သူတို့ ကိုယ်တိုင် လက်ဝါး
ကပ်တိုင်မှာ ကားစင်တင်ခံခဲ့ ကြပါတယ်...
အဆိုပါအထိမ်းအမှတ်ပွဲသို့ ဖိလစ်ပိုင်လူမျိုး ၁သောင်းကျော်နဲ့ စိတ်ပါဝင်စားစွာလာရောက်ကြည့် ရှုသည့် 
နိုင်ငံခြားသားများလည်းတက်ရောက်ခဲ့ ကြပါတယ်...
ဝင်အများစုနေထိုင်တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ကျေးရွာများမှာ ဒါဇင်နဲ့ ချီတဲ့ လူတွေဟာ ယေရှုခရစ်တော်ကားစင်
တင်ပြီးအသတ်ခံခဲ့ ရတာကို ပြန်လည်အောက်မေ့ တဲ့ အထိမ်းအမှတ်အနေနဲ့ သူတို့ ကိုယ်တိုင် လက်ဝါး
ကပ်တိုင်မှာ ကားစင်တင်ခံခဲ့ ကြပါတယ်...
အဆိုပါအထိမ်းအမှတ်ပွဲသို့ ဖိလစ်ပိုင်လူမျိုး ၁သောင်းကျော်နဲ့ စိတ်ပါဝင်စားစွာလာရောက်ကြည့် ရှုသည့် 
နိုင်ငံခြားသားများလည်းတက်ရောက်ခဲ့ ကြပါတယ်...

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း စန်ဂျွမ်းကျေးရွာတွင် အကုသိုလ်အပြစ်ပြုမိသည့် အတွက်
အပြစ်တွေကျေလိုသူ၏လက်ဝါးကပ်တိုင်ကို ထူမနေကြစဉ်
Ritual: Men raise the cross of the penitent in San Juan village, northern Philippines
အပြစ်တွေကျေလိုသူ၏လက်ဝါးကပ်တိုင်ကို ထူမနေကြစဉ်
Ritual: Men raise the cross of the penitent in San Juan village, northern Philippines
လူအများဟာ San Pedro Cutud လို့ ခေါ်တဲ့ လယ်ယာစိုက်ပျိုးမွေးမြူရေးအဓိကလုပ်တဲ့ ရွာကလေးမှာ
ရှေးခေတ်က၀တ်ရုံတွေ၊ သံဖြူတွေနဲ့ ပြုလုပ်ဖန်တီးထားတဲ့ ဦးခေါင်းသရဖူတွေကိုဆောင်းပြီး သစ်သား
လက်ဝါးကပ်တိုင်များကိုထမ်းကာ ဖုန်တွေထူထပ်တဲ့ တောင်ကုန်လေးဆီမှာ စုဝေးကြပါတယ်...
ထိုတောင်ကုန်းလေးကိုရောက်တာနဲ့ အမျိုးသားတွေဟာ သူတို့ ရဲ့ လက်နဲ့ ခြေထောက်တွေကို လက်ဝါး
ကပ်တိုင်မှာ သံနဲ့ ရိုက်ပြီးကားစင်အတင်ခံကြပါတယ်..

ဆန်ပီဒရိုရွာကလေးမှာ ဒီလိုမျိုးလက်တွေကိုသံနဲ့ အရိုက်ခံကြတာ ၂၃ ယောက်တောင်ရှိပါတယ်...
Devotee: This man, from the village of San Pedro, north of Manila, was among more than 23 people who were nailed to crosses
သူမဟာအသက် ၁၈ နှစ်ကစလို့ ယခုလိုပွဲတော်မှာ နှစ်ခြားပြီး ပါဝင်ခဲ့ တာဖြစ်ပြီး ဒီလိုလုပ်ရတာကလည်း
ကျန်းမာရေးချွတ်ယွင်းနေတဲ့ သူမရဲ့ အဘွားနဲ့ ကင်ဆာရောဂါဖြစ်ပွားနေတဲ့ သူမရဲ့ ညီမလေးတို့ အတွက်
ဘုရားသခင်ရဲ့ ကူညီစောင့် ရှောက်မှုကို ရယူနိုင်ဖို့ ဖြစ်ပါတယ်လို့ ဆိုပါတယ်...
ပြန်လည်ကျန်းမာလာတာကျွန်မကိုယ်တိုင်မြင်ခဲ့ ရတာပဲပေါ့ ..." လို့ သူမက ဆိုခဲ့ ပါတယ်...
အခုလိုပြုလုပ်တဲ့ ဘာသာရေးပွဲတော်မျိုးတွေကိုလည်း အနီးအနားက ဘူလန်ကန်ပြည်နယ်မှာ ပြုလုပ်ကြ
ပါသေးတယ်..
နိုင်ငံရဲ့ တစ်ခြားဒေသတွေမှာတော့ အပြစ်တွေပြေလျော ပပျောက်အောင်ကိုယ်အထက်ပိုင်းဗလာ၊ဖိနပ်ဗ
လာနဲ့ ကိုယ့်ကိုယ်ကို ကြိုးစ၊သစ်သားစတွေနဲ့ ရိုက်နှက်အပြစ်ပေးနေတဲ့ ၊ ကျောပြင်မှာ သွေးတွေပေကျံနေ
တဲ့ ယုံကြည်သူတွေဟာ လမ်းမတွေပေါ်မှာ လျှောက်နေကြပါတယ်...

အသက် ၃၄ နှစ်ရှိ သူမကတော့  ပမ်ပန်ဂါပြည်နယ်ရဲ့ 
တစ်ဦးတည်းသော လက်ဝါးကပ်တိုင်၊ ကားစင်အတင်ခံအမျိုးသမီးပါပဲ
Catholic: Mary Jane Mamangon, 34, was the lone woman to be crucified in Pampanga province, northern Philippines
တစ်ဦးတည်းသော လက်ဝါးကပ်တိုင်၊ ကားစင်အတင်ခံအမျိုးသမီးပါပဲ
Catholic: Mary Jane Mamangon, 34, was the lone woman to be crucified in Pampanga province, northern Philippines

အသက် ၁၉ နှစ်အရွယ်ရှိ မာရီယာ ၀င်ဒီလင်းပီဒရိုဆာ ကတော့ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း
ဘူလကန်ပြည်နယ် ဟဂိုနွိုင်းမြို့ မှာလုပ်တဲ့ ပွဲတော်မှာ ပါဝင်ခဲ့ ပါတယ်...
Maria Wendelyn Pedrosa, 19, is carried by Filipinos in the town of Hagonoy, Bulacan province, northern Philippines
လွန်ခဲ့ တဲ့ နှစ်ပေါင်း ၃၃ နှစ်ကတည်းက စတင်ကျင်းပခဲ့ တာဖြစ်ပြီး ယေရှုခရစ်တော်အဖြစ်သရုပ်ဖော်တဲ့ 
သူကို လက်ဝါးလက်တိုင်မှာလက်ကိုသံနဲ့ ရိုက်အပြီး ညနေ ၃ နာရီမှာအခမ်းအနားကိုအဆုံးသတ်ပါတယ်..
အဲဒီအချိန်ဟာ ယေရှုခရစ်တော်သေဆုံးခဲ့ တဲ့ အချိန်အတိအကျပဲဖြစ်ပါတယ်လို့ ကက်သလစ်ဘာသာဝင်
တွေကယုံကြည်ကြပါတယ်...
ဒါပေမယ့် ခရစ်ယာန်ဘုရားကျောင်းခေါင်းဆောင်တွေကတော့ ယခုလိုလုပ်တာတွေကိုလက်မခံကြပါဘူး...
ခရစ်ယာန်သာသနာကိုအမှန်တစ်ကယ်သက်ဝင်ယုံကြည်သူတွေရဲ့ အီစတာပွဲတော်မတိုင်မီ ရက်လေးဆယ်
ကာလ ( ခရစ်ယာန်ဝါတွင်းကာလ ) အတွင်းမှာအမှန်တစ်ကယ်ပြုလုပ်သင့် တာက ပြုခဲ့ တဲ့ အပြစ်တွေကို
ပြန်လည်ဆင်ခြင်ကာ၊ အသစ်တစ်ဖန်မပြုလုပ်စေပဲ ယုံကြည်သူအသစ်အဖြစ်မိမိကိုယ်ကိုဆင်ခြင်ဆုံးဖြတ်
တာဖြစ်ပြီး ကိုယ့်ကိုယ်ကို ကြိုး၊ကြာပွတ်ဖြင့် ရိုက်နှက်အပြစ်ပေးခြင်း၊ လက်ဝါးကပ်တိုင်တွေမှာလက်ကိုသံ
မှိုအနှက်ခံကာ ကားစင်အတင်ခံခြင်းတွေ မဟုတ်ပါဘူးလို့ ဖိလစ်ပိုင်နိုင်ငံရဲ့ ကက်သလစ်ဂိုဏ်းအုပ်များရဲ့ 
ညီလာခံ ( အဖွဲ့ ) က ပြောကြားခဲ့ ပါတယ်...
မိမိကိုယ်ကိုရိုက်နှက်အပြစ်ပေးခြင်း၊ လက်ဝါးလက်တိုင်မှာ လက်ကိုသံမှိုအရိုက်ခံခြင်းတွေဟာ အယူသီး
တဲ့ ယုံကြည်ကိုးကွယ်မှုတွေဖြစ်ပြီး၊ ငွေကြေးရလိုမှု ဒါမှမဟုတ် ကမ္ဘာလှည့် ခရီးသွားများ၊ လာရောက်
လည်ပတ်သူများကို စွဲဆောင်ဖို့ တွေသာဖြစ်တယ်လို့ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ရိုလန်ဒို ကဆိုခဲ့ ပါတယ်..

နှစ်ပေါင်း ၃၃ နှစ်ကြာ အစဉ်အလာမပျက်ကျင်းပခဲ့ ကြတယ်...
The ritual has taken place for the last 33 years, and ends at 3pm - which is the exact time the Catholics believe Jesus died
The ritual has taken place for the last 33 years, and ends at 3pm - which is the exact time the Catholics believe Jesus died

ယေရှုခရစ်တော် လူသားတွေအတွက် အနစ်နာခံ၊ ပေးဆပ်ခြင်းတွေကို ပြန်လည်ဖော်ကျူးတဲ့ 
ပွဲမှာ လက်ဝါးကပ်တိုင်သယ်ဆောင်ကာပြေးလာသည့် သူကို ကြာပွတ်၊ ကြိုးများဖြင့်
ဝိုင်းရိုက်နေကြပုံ...( ဒီလိုအရိုက်ခံယင်အပြစ်တွေပြေတယ်လို့ ယုံကြည်ကြတယ်...)
A man rushes forward carrying a cross as he is whipped by others during the reenactment of the sufferings of Jesus Christ
ဖြစ်ကြပါတယ်...
ပမ်ပန်ဂါပြည်နယ်၊ စန်ဖာနန်ဒို မြို့ မှာပြုလုပ်တဲ့ အဆိုပါ (လက်ဝါးလက်တိုင် ) တင်ပွဲအခမ်းအနားကိုတော့ 
ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံခြားသားများလာရောက်ခွင့် မပြုပဲတားမြစ်ခဲ့ ပါတယ်...
အခုလိုလုပ်ရတာဟာလည်း ယခင်နှစ်တွေကပြုလုပ်ခဲ့ တဲ့ ပွဲတော်ကိုလာရောက်တဲ့ နိုင်ငံခြားသားတွေဟာ
အဆိုပါအခမ်းအနားတွေမှာ လှောင်ပြောင်ခဲ့ လို့ ဖြစ်ပါတယ်လို့ ပွဲတော်ကျင်းပသူ ချင်းပန်ဂျီလီနန် ကဆိုခဲ့ 
ပါတယ်...
" ဒီဒေသက လူတွေရဲ့ ရိုးရာအစဉ်အလာရလုပ်တဲ့ ပွဲကို သူတို့ တွေလာပြီးလှောင်ပြောင်တာကို အလိုမရှိ
ပါဘူး.." လို့ ပန်ဂျီလီနန် ကဆိုခဲ့ ပါတယ်...
ဟိုစဉ်တုံးကအတိုင်း...
Hundreds of people looked on during a Good Friday performance at Trafalgar Square
တစ်ချိန်ထဲမှာပဲ လန်ဒန်မြို့ ရဲ့ နာမည်ကျော် ထရာဖယ်လ်ဂါရင်ပြင်မှာ ပြုလုပ်တဲ့  Good Friday နေ့ အ
အထိမ်းအမှတ်လေဟာပြင်အခမ်းအနားတစ်ခုမှာတော့ ယေရှုခရစ်အဖြစ် ၀တ်ဆင်ထားတဲ့ လူတစ်ဦးဟာ
လက်ဝါးလက်တိုင်မှာ ကားစင်တင်တဲ့ ပုံအဖြစ်သရုပ်ဆောင်ခဲ့ လို့ လာရောက်ကြည့် ရှူသူတွေရာနဲ့ ချီပြီး
ရှိခဲ့ ပါတယ်...
ဒီသတင်းလေးဖတ်မိပြီးလောကကြီးမှာ အမှန်ကိုအမှန်အတိုင်းမြင်တတ်ဖို့ ဆိုတာအလွန်ပဲအရေးကြီးတယ်
ဆိုတာသဘောပေါက်မိပါတယ်...
မိမိအလိုရှိတာ၊ ဆန္ဒရှိတာ၊ ဖြစ်စေချင်တာလေး တစ်ခုနှစ်ခုဖြစ်လာရုံနဲ့ ထိုအယူအဆ၊ပြုလုပ်မှုဟာတစ်
သက်လုံးမှန်ကန်နေလိမ့် မှာမဟုတ်ဘူးဆိုတာပါပဲ...
တစ်ဆက်တည်းပဲကိုယ့် ဗုဒ္ဓဘာသာဝင်တွေရဲ့ တစ်လွဲယုံကြည်နေတာလေးတွေလည်းစဉ်းစားမိပါ
သေးတယ်...
အခုနောက်ပိုင်း မြန်မာပြည်တစ်လွှားမှာ အမျိုးမျိုးသောဘွဲ့ တော်တွေနဲ့ ဘုရားဆင်းတု၊စေတီတော်တွေ
များစွာ တည်ထား၊ ပင့် ဆောင်ကိုးကွယ်၊ပူဇော်နေကြတာမြင်တွေ့ ကြားသိနေရပါတယ်...
အပယ်ပိတ်ဘုရား၊ ၀ဋ်ကြွေးတော်ပြေဘုရား၊ အလိုတော်ပေါက်ဘုရား၊လာဘမုနိဘုရား..စသည်..စသည်..
မြတ်ဗုဒ္ဓသာသနာမှာ ဘုရားရှင်ရုပ်ပွားဆင်းတုတော်ကိုဖူးမျှော်ရုံနဲ့ အပယ်တွေလုံးဝပိတ်စေမယ်၊ ၀ဋ်ကြွေး
တွေအားလုံးကျေစေမယ်၊ အလိုဆန္ဒတွေပြည့် စုံစေမယ်၊ လာဘ်လာဘတွေပေါကြွယ်ဝလို့ ဝင်ငွေတွေ
တိုးကာချမ်းသာကြွယ်ဝလိမ့် မယ်လို့ ဟောကြားချက် လုံးဝ၊ လုံးဝမရှိပါ...
တစ်ချို့ ( လွန်စွာရှားပါး ပါလိမ့် မည် ) တစ်ချို့ အကြောင်းတိုက်ဆိုင်လို့ အလိုဆန္ဒလေးတွေပြည့် ခဲ့ တာ
ရှိကောင်းရှိပါလိမ့် မည်...
သို့ သော် ကံ၊ဥာဏ်၊၀ိရီယ ဟူသော အကြောင်းတရားများနှင့် လွတ်ကင်းပြီးကိစ္စတစ်ခုပြီးမြောက်တာမျိုး
မရှိနိုင်ပါ...
အဓိက ကတော့ ကိုယ်လုပ်မှ ကိုယ်ရပေမည်...ထီပေါက်ဖို့ တောင်မှ အနည်းဆုံးထီလက်မှတ်တော့ ဝယ်
ရပေဦးမည်...
ထိုအကြောင်းတရားများကို မျက်ကွယ်ပြုကာ ထိုထိုရုပ်ပွားများ အိမ်သို့ ပင့် ကာပူဇော်လျှင်စီးပွားတက်
သည်၊ကျန်းမာသည်၊ ရာထူးတိုးသည် စသည်၊ စသည် မိမိဖြစ်စေလိုသော လောကီအလိုဆန္ဒများအတွက်
သာဘုရားကိုကြည်ညိုပူဇော်လျှင်ကား လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပါရမီတော်များဖြည့်ကျင့် ကာဟော
ကြားတော်မူခဲ့ သည့် သာသနာတော်ကြီးကို စော်ကားရာပင်ရောက်နေချေပေဦးမည်...
တစ်ချို့ များကျတော့ ရှိသေးသည်...
ရုပ်ပွားဆင်းတုတော်များက ပြုံးသည်၊ မဲ့ သည်၊ မျက်ရည်ကျသည် စသည်ဖြင့် ...
ကိုယ်ယုံကြည်ကိုးကွယ်နေသည့် မြတ်ဗုဒ္ဓသည် မည်သို့ သောပုဂ္ဂိုလ်ဖြစ်သည်ဆိုသည်ကိုပင် မသိကြလေ
သလော...
ခန္ဓပရိနိဗ္ဗာန်၊ ကိလေသာပရိနိဗ္ဗာန် ၀င်စံတော်မူပြီးသည့် မြတ်ဘုရားသည် အဘယ်သို့ လျှင် ရုပ်ပွားဆင်း
တုတော်သို့ ပြုံးစေ၊မဲ့ စေ၊ မှည့် ပေါ်စေ၊ မှည့် ပြေးစေ၊ မျက်ရည်ကျစေ လိမ့် မည်နည်း...
ထိုသို့ ပြုလုပ်၍လူအများပစ္စုပ္ပန်၊ သံသရာအတွက်အကျိုးရှိမည်ဆိုလျှင် ပြုံးရုံ၊ မဲ့ ရုံမျှမက၊ တရားပင်ဟော
ပါလိမ့် ဦးမည်...
ယခုတော့ ထူးသည်ဆိုမှ ယုံကြည်ချင်သူများအတွက် လူလိမ်လူညာများ၏ အကွက်ပင်...
ကြိုးစားအားထုတ်ချင်စိတ်များကွယ်ပျောက်ကာ လူလိမ်လူညာ၊ အယောင်ဆောင်ပုဂ္ဂိုလ်များ၏ အလှည့် 
အဖျားခံရဖို့ က များချေပေတော့ သည်...
သတိထား၍ယုံစားကြစေလိုပါသည်...
ကိုပီတာ
No comments:
Post a Comment