ချစ်သူ့နယ်မြေ(ZLT)သို့ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ ဘလော့ဂ်လေးအတွင်းလိုအပ်တာရှိရင်လည်း အကြံပေးသွားနိုင်ပါတယ်ခင်ဗျာ.. မိတ်ဆွေတို့အား အစဉ်လေးစားလျှက်......ဇေယျာ(ZLT)

10/05/2012

ကိုရီးယား carzy တို့အတွက်ပါ..

သူငယ်ချင်းအားလုံးမင်္ဂလာပါနော်...
ကျွန်တော်လည်း ပျင်းပျင်းရှိတာနဲ့ you tube မှာ လျှောက်ကြည့်ရင်း
မြန်မာ မိန်းကလေးအချို့ အတုခိုးနေကြတဲ့
ကိုရီးယား လူမျိုး အမျိုးသမီးတစ်ယောက်က မြန်မာဆန်ဆန်
ထဘီ(ထမီ)နဲ့ အင်္ကျီ ရင်ဖုံး ကိုဝတ်ပြီး မြန်မာသီချင်းကို ဆိုသွားတော့
တော်တော်လေး ပီတိဖြစ်သလို ချီးလည်းချီးကျူးမိပါတယ်.....
ဒါနဲ့ နောက်ဆက်တွဲ အတွေးလေး တစ်ခု ၀င်မိတာကတော့
သြော်... ကိုယ့် မြန်မာ မိန်းကလေးတွေကတော့ ကိုရီးယားအင်္ကျီ၊
ကိုရီးယားစကပ်၊ ကိုရီးယား ဆံပင် ... ကိုရီးယားး.. ကိုရီးယားး........ဖြစ်နေချိန်မှာ
အခုလို ကိုရီးယား အမျိုးသမီးက ယဉ်ကျေးသိမ်မွေ့လှတဲ့ 
မြန်မာ့ ၀တ်စုံကို ၀တ်ပြီး မြန်မာသီချင်းကို သီဆိုသွားတော့
အတုယူမှားနေတဲ့ ကိုရီးယားမမ ကိုရီးယား ညီမ တို့
အတုယူသင့်တာကိုယူ၊ မယူသင့်တာကို မယူ မိစေရန် ရည်ရွယ်ပြီး
ခု ဒီ ဗီဒီယို လေးကို တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်...
အောက်မှာ ရှုစားကြည့်ကြပါဦးခင်ဗျာ.....
******************************************************************

******************************************************************
ကြည့်ဖူးပြီးသားတွေအတွက်တော့
မထူးခြားပေမယ့် မကြည့်ရသေးသူတွေအတွက်တော့
ကျေနပ် မိလိမ့်မယ်လို့ထင်ပါတယ်......

ခင်မင်လေးစားလျှက်
ဇေယျာ(ZLT) 

No comments:

Post a Comment