မျှော့တစ်ကောင်လို
ဘယ်သွေးအမျိုးအစားကိုမှ မရှောင်တဲ့ခေတ်ကြီးထဲမှာ
ငါက သင်းကွဲမျှော်လင့်ချက်တွေစူးဝင်လို့
ဆူးဖွဲ့ပင်လယ်မှန်းသိလျှက်နဲ့
ကူးခတ်နေရတဲ့ဘ၀တွေမှာ
ငွေက အရေးပေါ်လိုနေတဲ့အရာမဟုတ်လား?
ကန္တာရ စုတ်ချက်ကြမ်းကြမ်းတွေထဲမှာ
အိပ်မက်တွေဖြန့်ကျဲထားရခြင်းက
ချော်ရည်ချော်ခဲတွေထဲမှာ
ယုံကြည်ချက်တွေစိုက်ပျိုးထားရသလိုပါပဲ....
ဒီကဗျာက ဇာတ်နာတယ်လို့ပြောရင်
ကမ္ဘာကြီးက ရယ်လေမလားမသိ
ခဲရာခဲဆစ်ထဲမှာတောင်
အချစ်ကလောင်မြိုက်
ကြိုးမစုံတဲ့ ဂစ်တာလေးနဲ့
သံယောဇဉ်တွေတောင်
မောဟိုက်နေရှာပြီ...
မေမေရေ............
မေတ္တာတရားကို
နှလုံးသားမှာ နှိးစက်ချထားမိတဲ့ သား
ဟိုးးးငယ်ဘ၀က အမေ့အေးရိပ်လေးကိုပဲ
ထပ်တလဲလဲ ပြန်တောင့်တနေမိတယ် မေမေရယ်.............။
အမေနဲ့ အမြန်ဆုံးပြန်တွေ့ နိုင်ပါစေနော်...
ReplyDelete