ချစ်သူ့နယ်မြေ(ZLT)သို့ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ ဘလော့ဂ်လေးအတွင်းလိုအပ်တာရှိရင်လည်း အကြံပေးသွားနိုင်ပါတယ်ခင်ဗျာ.. မိတ်ဆွေတို့အား အစဉ်လေးစားလျှက်......ဇေယျာ(ZLT)

28/04/2012

ဆင်တစ်ကောင် သားဖွားပုံ (ဓါတ်ပုံ)

သူငယ်ချင်းအားလုံးမင်္ဂလာပါနော်...
ဒီတစ်ခါတော့ သူငယ်ချင်းတို့ အတွက် မြင်ရခဲပေခြင်းဖြစ်သော
မြင်ကွင်းလေးတစ်ခုကို တင်ပြပေးပါ့မယ်....
မြင်ဖူးတဲ့သူလည်း ရှိကောင်းရှိနိုင်ပါတယ်.....
အောက်မှာပဲ ရှုစားကြည့်လိုက်ပါစို့...
**************************************************************************
 ဆင်မကြီး ဗိုက်နာနေပြီ..
 အရေးထဲ လင်သားမရှိတော့ နီးစပ်ရာ တိုင်လေးကို
ဖက်တွယ်ကာ အော်ဟစ်နေရှာတာပေါ့..
 ရေမွှာ ဆိုလား ဘာဆိုလားတော့သိဝူး..ကြားဖူးတာ လျှောက်ပြောကြည့်တာ..ဟိးး
အဲဒါကြီးတော့ စထွက်လာပြီ..

 တစ်ဝက်တော့ ထွက်လာပြီဗျို့...
 စောစောက အိတ်ထဲက ကွဲပြီး ဆင်ကောင်လေးထွက်လာပြီ..
 ဒါကတော့ အနီးကပ်ပါ..
 ဒါကတော့ ဆင်လေးကို အညှီအဟောက် တွေနဲ့လွတ်ရာကိုရွှေ့နေတာပါ
 ဘေးကိုတော့ရောက်လာပါပြီ..
 ထနိုင်ဖို့တော့ ကြိုးစားနေတယ်..
 အမေကြီးရဲ့ အကူအညီကိုယူပြီး ထနိုင်ဖို့ကြိုးစားနေတယ်..
 တော်တော်လေးတော့ သန်လာပြီ...
 အမေကြီးကလည်း လျှောက်တဲ့အတိုင်း လိုက်လျှောက်နေပုံ
ခုဆိုရင်တော့ နာရီပိုင်းလေးအတွင်း ကိုယ့်အားကိုယ် ကိုးကာ
လမ်းကောင်းကောင်းလျှောက်နိုင်သွားပါပြီ.. 

ခုဆို ဆင်တစ်ကောင်ရဲ့မွေးဖွားပုံအဆင့်ဆင့်ကို မြင်တွေ့ပြီးကြပါပြီ....
ဇေယျာတော့ စီးပွါးရေး အဆင်မပြေလို့ ဆင်တွေ လိုက်မွေးပေးနေတယ်တော့
မထင်နဲ့နော်...ကျွန်တော့်မှာ ရှိတဲ့ ဗီဒီယို ဖိုင်လေးကို ဓါတ်ပုံရိုက်ယူပြီး
မိတ်ဆွေ အားလုံး ဗဟုသုတ ရစေရန်ရည်ရွယ်တင်ပြပေးခြင်းဖြစ်ပါသည်..
အားပေးကြည့်ရှုကြစေသာ မိတ်ဆွေများအား အထူးကျေးဇူးတင်လျှက်.....
ဇေယျာ(ZLT)

1 comment:

  1. အသဲယားစ၇ာနော်...မိခင်ဘ၀...

    ReplyDelete